Wednesday, September 14, 2016

##Oscilloscope##
*******************

Oscilloscope အကြောင်းသိလိုသူများအတွက် ဗဟုသုတရစေရန် ကိုမျိုး အီလက်ထရောနစ် Page မှမ လာပေးပါသည်။ နောက်ပိုင်းလဲ အဆင်ပြေရင်ပြေသလို ဗဟုသုတ Post များ Share ပေးသွားပါမယ်ခင်မျာ...
https://bffonlineservice.blogspot.kr

................................

Oscilloscope အကြောင်းရေးပါအုံးမည်။ မှားနေပါက ကျေးဇူးပြုပြီး ပြင်ပေးကြစေလိုပါသည်။ Oscilloscope တစ်လုံးဝယ်မည်ဆိုပါက ၄င်း၏ Specification အား ဦးစွာ စစ်ဆေးကြည့်ရှုပါ။ အရေးကြီးဆုံးမှာ မိမိအသုံးပြုမည့် Frequency Range အတွင်း ရှိ/မရှိ ပင်ဖြစ်ပါသည်။ တချို့ Oscilloscope များသည် 100Hz to 50MHz ရှိကြပါသည်။ 100Hz to 100MHz ရှိသော ဂျပန် နိုင်ငံထုတ် Oscilloscope များလည်းရှိပါသည်။

အထက်ပါ Oscilloscope အမျိုးအစားများသည် Audio Frequency (AF) နှင့်ပတ်သက်သော လုပ်ငန်းသမားများ Amplifier ထုတ်လုပ်သူများ အတွက် အဆင်ပြေစွာတိုင်းတာနိုင်ပါသည်။ မိမိဝယ်မည့် Oscilloscope သည် Amplitude အားမည်မျှ ခံနိုင်သည်နှင့် မိမိတိုင်းတာမည့် Signal Level သည်မည်မျှရှိသည်ကို နှိုင်းယှဉ်ရမည်။ Oscilloscope ၏ Amplitude သည်မြင့်နေမှသာ အဆင်ပြေမည်။ Oscilloscope များသည် ၄င်းတို့၏ အမြင့်ဆုံးသော Amplitude အား Volt တန်ဖိုးဖြင့် ဖော်ပြလေ့ရှိကြသည်။ မိမိသုံးမည့် Output Level သည် Watt ဖြင့် ဖော်ပြပါက အဆိုပါ Watt တန်ဖိုးသည် Volt မည်မျှနှင့် ညီမျှသည်ကို ပြန်လည် တွက်ချက်ပါ။ Volt , Ampere, Watt, db , dbm , dbuV တို့ဆက်စပ်ပုံကို အဆင်ပြေပါက သပ်သပ်ထပ်ရေးပါအုံးမည်။ Electronic နှင့် ပတ်သက်ပါက ဆောင်ရန် (Do) နှင့် ရှောင်ရန် (Don’t) တို့တွင် ရှောင်ရန် (Don’t) ကို ဦးစားပေး လုပ်ဆောင်ပါ။ ပြီးမှ ဆောင်ရန် (Do) ကိုလုပ်ဆောင်ပါ။ “No Sorry in Electronic and Religious” ဟု မိမိအနေဖြင့် ယုံကြည်ထားပါသည်။ ထို့နောက် Oscilloscope ၏ Receiver Sensitivity ကိုကြည့်ပါ။ Receiver Sensitivity နည်းလေ ပိုကောင်းလေ ပိုဈေးကြီးလေ ဖြစ်ပါသည်။ Test Probe အပို ပေး/မပေး မေးပါ။ အချို့ Test Probe များသည် Attenuator အနေဖြင့် ၁၀ ဆ အထိပါဝင်သည်။ အချို့သည် Attenuator မပါဝင်ပေ။ အချို့ Electronic Testing Equipment များသည် ပါဝါ ဖွင့်လိုက်သည်နှင့် Self Test Function အားအလိုလျောက်လုပ်ဆောင်ပေးပါသည်။ တချို့သည် Manual ဖြင့် Self Test ပြုလုပ်ရပါသည်။ Self Test များ Pass ဖြစ်ပါက အကြမ်းဖျဉ်း ကောင်းသည်ဟု ယူဆနိုင်ပါသည်။ Self Test မပါဝင်က Test Probe ဖြင့် ကောင်း/မကောင်းစစ်ဆေးပါ။ Test Probe ၏ GND အား Oscilloscope ၏ GND ဖြင့် ဆက်သွယ်ပါ။ Test Probe တိုင်းတာတံ Tip အား Calibration ဟု ရေးသားထားသော နေရာတွင် ဆက်သွယ်ပါ။ Display တွင် 1KHz , 1Vp-p (Square Waveform) ပေါ်/ မပေါ် စစ်ဆေးပါ။ ပေါ်ပါက ကောင်းပါသည်။ မိမိတွင် Audio အားထုတ်ပေးနိုင်သော Phone ဖြစ်စေ ပါလာပါက Test Probe ဖြင့် အစမ်းတိုင်းတာ စစ်ဆေးနိုင်ပါသည်။ Bass သံတွင် Waveform ပုံစံနှင့် Audio သံပါလာပါက Waveform ပုံစံ နောက်တစ်မျိုးပြောင်းသွားပါက ကောင်းပါသည်။

Scope အမျိုးအစားနှင့် တန်ဖိုးပေါ်မူတည်ပြီး Channel (၂) ပါဝင်သော ပုံစံနှင့် Channel (၄) ပါဝင်သော အမျိုးအစားဟူ ရှိပါသည်။ Audio နှင့် ပတ်သက်သော လုပ်ငန်းလုပ်ကိုင်လိုသူများအတွက် Channel (၂) ပါဝင်သော Oscilloscope ဖြင့် အဆင်ပြေပါသည်။ Oscilloscope ၏ တကယ့် လက်တွေ့ အသုံးပြုသော ပုံစံ အား စမ်းသပ်လိုပါက ISIS 7 Professional Software တွင် ပါဝင်သော Oscilloscope ဖြင့် စမ်းသပ်နိုင်ပါသည်။ ၄င်းတွင် Frequency နှင့် Amplitude အား ပြောင်းလဲနိုင်သော Button များပါဝင်သည်။ Frequency နှင့် Amplitude တန်ဖိုးများအား အတိအကျ တိုင်းတာနည်းကို သိရှိလိုပါက Circuit Maker Software ရှိ Example များတွင် Waveform အား အတိအကျ တိုင်းတာနိုင်ပါသည်။ အဆိုပါ Software တွင်ပါဝင်သော Margin လုပ်ဆောင်ချက်သည် တကယ့် လက်တွေ့ Oscilloscope တွင် ပါဝင်သော Margin တိုင်းတာ လုပ်ဆောင်မှုနှင့် အတူတူပင်ဖြစ်ပါသည်။ လက်တွေ့ Oscilloscope တိုင်းတာ မှုတွင် အဓိက အရေးကြီးသည်မှာ Volt/Div နှင့် Time/Div(Freq/Div) Button များအား ကျွမ်းကျင်စွာ ချိန်ညှိနိုင်ရန် အရေးကြီးပါသည်။ ဈေးအရမ်းကြီးသော Oscilloscope များတွင် Auto Measure လုပ်ဆောင်ချက်ပါဝင်သည်။ တိုင်းတာလိုသော နေရာအား Test Probe ဖြင့် ထောက်ထားပြီး Auto Measure အား နှိပ်ရန်သာ လိုအပ်သည်။ Waveform ပုံစံ နှင့် Frequency တန်ဖိုး Amplitude တန်ဖိုးများအား ဖော်ပြပေးပါသည်။ သာမန် Oscilloscope များတွင် Frequency တန်ဖိုး Amplitude တန်ဖိုးများအား သိရှိလိုပါက Margin လုပ်ဆောင်ချက်ဖြင့် ဆောင်ရွက်ရသည်။ သာမန် Oscilloscope များတွင် ၄င်းထံ ၀င်လာသော Signal အား ပြန်ထုတ်ပေးပြီး Frequency တန်ဖိုးအား Universal Counter ကဲ့သို့သော Equipment အတွင်း ထည့်သွင်း တိုင်းတာနိုင်ပါသည်။

အဆင်ပြေပါက Universal Counter အကြောင်းရေးသားပါအုံးမည်။ Oscilloscope တွင် Trigger , ADD, Amplitude ၏ Unit အား ပြောင်းနိုင်သော Button များ၊ Coupling စသော Button များလည်း ပါဝင်ပါသည်။ Signal အကြောင်းအသေးစိတ်လေ့လာပြီးမှ ဖြစ်စေ ၊ မိမိ ပြုလုပ်ထားသော Product ၏ Circuit များတွင် Signal သည် မည်သို့ အလုပ်လုပ်ဆောင်သည်ကို သိရှိအောင် လေ့လာပြီးမှ တိုင်းတာမှု လုပ်ဆောင်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။
 နောက်ရက်များတွင် RCL Meter အကြောင်းရေးသားပါအုံးမည်။

=====================================

Credit ~ ကိုမျိုး အီလက်ထရောနစ်

https://m.facebook.com/story.php?story_fbid=1030063650446262&id=1012802912172336




No comments:

Post a Comment