Wednesday, September 14, 2016

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်မျာ...

#Bff page ကို Admin ၂ ယောက်နဲ့အဓိက လည်ပတ်ပေးလျှက်ရှိပီးတော့ ၂ ယောက်လုံးကနိုင်ငံရပ်ခြားက တယောက်တနိုင်ငံကနေ Management နဲ့ Supplying ကိစ္စတွေအတွက် ရှာဖွေဆောင်ရွက်ပေးနေပါတယ်... ကျနော်တို့ Admin ၂ ယောက်ရဲ့ပြသနာက မြန်မာပြည်ဈေးကွက်နဲ့ နှစ်အတော်ကြာဝေးကွာနေတဲ့အတွက် လက်ရှိဈေးကွက်ထဲမှာ ရနိုင်မဲ့ ပစ္စည်းတွေရဲ့ဈေးနှုန်း အရည်အသွေးနဲ့ အမျိုးအစားတွေကို တိတိကျကျသိနိုင်ဖို့ခဲယဉ်းနေပါတယ်...

Online ကနေကြိုးစားရှာဖွေ ညှိနှိုင်းနေပေမဲ့လဲ လိုအပ်ချက်တွေရှိနေဆဲပါ ဒါ့ကြောင့် ဈေးနှုန်းအားဖြင့်ကွဲလွဲမှု (များနေတာမျိုး) တွေရှိခဲ့ရင် ဝယ်ယူသွားတဲ့ပစ္စည်းရဲ့အရည်သွေးပိုင်းက ပေးရတဲ့ငွေထက်လျှော့နေတာမျိုးရှိခဲ့ရင် လာရောက်ဝေဖန်ညှိနှိုင်း အကြံညဏ်များပေးဖို့ အားလုံးကိုဖိတ်ခေါ်ပါတယ်ခင်မျာ... အားလုံးရဲ့ဝေဖန်မှုတွေကိုလဲနွေးထွေးစွာဖိတ်ခေါ်ပါတယ်ခင်မျာ...
တချို့ပစ္စည်းတွေက ပုံပန်းသဏ္ဍန်အားဖြင့်တူသော်လည်း အရည်သွေးပိုင်းများစွာကွာခြားတတ်ပါတယ် ကျနော် Addidas ဖိနပ်လေးတရံဝယ်တာ 1သိန်းကျော်ပေးခဲ့ရပေမဲ့ ရန်ကုန်မှာ ပုံစံတူတွေက 1သောင်းဝန်းကျင်ပဲရှိနေပါတယ်.. ဘာ့ကြောင့်လဲအဖြေရှာတော့ Clone တွေဖြစ်နေသလို အရည်သွေးပိုင်းနိမ့်လွန်းနေတာကိုတွေ့ရပါတယ် အခွန်လဲပေးဆောင်ထားခြင်းမရှိပါဘူး... အဝတ်အစားမှာ အပေါ်ယံတူရင် ပြသနာသိပ်မရှိပေမဲ့ ပညာရပ်ပိုင်းဆိုင်ရာပစ္စည်းတွေကျ ရလဒ်ပိုင်းတွေမှာ သိသိသာသာ ကွဲပြားခြားနားသွားတတ်ပါတယ်... ကျနော်တို့ဘက်က ပစ္စည်းတွေကိုရှာဖွေတဲ့နေရာမှာ အရည်သွေးပိုင်းကို အထူးဂရုစိုက်ရှာဖွေသလို Post တွေမှာလဲရှာဖွေလို့ရသလောက် တိတိကျကျဖော်ပြပေးနေပါတယ် တဆက်ထဲမှာလဲ တတ်နိုင်သလောက် မြန်မာပြည်ဝင်ငွေနဲ့ အချိုးညီမဲ့ဈေးနှုန်းမျိုးကိုရှာဖွေရပါတယ်.. ကျနော်တို့ page စလုပ်ခဲ့တဲ့ရည်ရွယ်ချက်က မြန်မာပြည်မှာရှိတဲ့ ဝါသနာရှင်တွေ ပညာရှင်တွေအတွက် အလွယ်တကူရှာဖွေလို့မရနိုင်မဲ့ ပစ္စည်းတွေကို ကြားခံဝန်ဆောင်မှုအဖြစ် ငွေကြေးအကျိုးမြတ်အဓိကမထားပဲ ဆောင်ရွက်ပေးလိုခြင်းပဲဖြစ်ပါတယ်... ကျနော်တို့ Page အတွက်အကြံဥာဏ်များပေးတဲ့ လူကြီးမင်းများကိုလဲ ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ ဝန်ဆောင်မှုတချို့လုပ်ပေးသွားဖို့လဲ အစီအစဉ်များလဲ ရှိပါတယ်...

Electronic & Electrical ပစ္စည်းများအတွက်တော့ အသုံးပြုပုံနဲ့ နည်းပညာပိုင်းရှင်းလင်းခြင်းတွေကို အပိုဝန်ဆောင်မှုအနေနဲ့ ကျနော်တို့ page ရဲ့ ရန်ကုန်လိပ်စာမှာလာရောက်ဆွေနွေးနိုင်ပါတယ်ခင်မျာ... ချွေးနဲစာရဲ့တန်ဖိုးကို နားလည်သူ လူငယ်များစုဖွဲ့ပီးလုပ်ထားတဲ့အတွက် လူကြီးမင်းတို့ပေးဆောင်ရမဲ့ငွေကြေးတန်ဖိုးနဲ့ ပြန်ရမဲ့အရည်အသွေးအတွက် အထိုက်တန်ဆုံးဖြစ်အောင် ဝန်ဆောင်မှုပေးနိုင်ဖို့ အထူးအလေးနက်ထားကြိုးစားသွားပါမယ်ခင်မျာ...
လူကြီးမင်းတို့ရဲ့ အကြံဥာဏ်ကောင်းများနဲ့ စေတနာထားဝေဖန်မှုများ ကိုလဲလှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်မျာ...

ဝယ်ယူအားပေးသူများ လာရောက်လေ့လာသူများ နဲ့ ၇ ရက်သားသမီးအပေါင်းကိုယ်စိတ်နှစ်ဖျာကျမ်းမာချမ်းသာကြပါစေခင်မျာ... ကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်မျာ...

#Bff Page family

ကျနော်တို့ရဲ့လိပ်စာကတော့.....

အသေးစိတ်သိလိုက Cb သို့မဟုတ် အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့လဲ တိုက်ရိုက်မေးမြန်းစုံစမ်းနိုင်ပါတယ် ....

SG Office ; +6591270224 (viper)
YGN Office ; 09772861192
**email** bffonlineservice2016@gmail.com
**web** https://bffonlineservice.blogspot.kr

Collection Point ; Best Friend Forever online shopping & service
အမှတ် ၂၄၄ /၅လွှာ ၊ ကျိုက်က္ကဆံလမ်းမ (#ကျောက်မြောင်းဈေးမှတ်တိုင်အနီး)၊ တာမွေမြို့နယ်၊ ရန်ကုန်။

*** Thank you so much ***

https://m.facebook.com/story.php?story_fbid=1029212503864710&substory_index=0&id=1012802912172336






No comments:

Post a Comment